Wednesday, April 7, 2010

သင်္ကြန်အိမ်မက်


သင်္ကြန်နဲပတ်သတ်ရင် ကျွန်မမှာအထွေအထူးအမှတ်တရတော့မရှိပါဘူး ဒါပေမယ် သင်္ကြန်ဆိုရင် နယ်ကအိမ်နဲ. မေကြီးကိုလွမ်းတယ် ကျောင်းတတ်စဉ်ကတည်းက သင်င်္ကြန်ဆိုရန်ကုန်မှာမနေပါဘူး ကျောင်းပိတ်တာနဲ အိမ်ကိုတန်းပြန်တာပဲ သင်္ကြန်မှာ ကျွန်မ အဖေ လည်းရုံးပိတ်ရက်ရတော့ မိသားစု ဆုံဆုံလင်လင် တွေ.ရတယ်လေ ဒါကြောင့် သင်္ကြန်ဆိုကျွန်မ အိမ်ပြန်ချင်တာမဆန်းပါဘူးနော် ကျွန်မညီမလေးကတော့နှစ်စဉ်လျှောတ်လည်လေ့ရှိတယ် ကျွန်မကတော့ အိမ်မှာနေပြီးတော့ ထမင်းချတ်ဟင်းချက်ပေါ့ ပြီးရင် ဦးလေး၊ အဒေါ်၊ အမတွေ အိမ်ကိုလိုက်ပို.တယ် မေကြီးနဲဖေကြီး တို့ကို လိုအပ်တာတွေကူလုပ်ပေးတယ် အိမ်သန့်ရှင်းရေးလုပ်တယ် မနက်စောစောထပြီး ဆွမ်းချက်တယ် ဆွမ်းချိုင့် ဘုန်းကြီးကျောင်းပို.တယ် ဆွမ်းဆန်လောင်း
တယ် ဒါတွေကနှစ်စဉ်ကျွန်မလုပ်နေကျတွေပေါ့ ဒီအချိန်ဆိုရင်ကျွန်မရဲ.အမေကလည်း ကျွန်မကိုမျှော်နေတတ်တယ် ကျွန်မလည်းအိမ်ကိုအရမ်းပြန်ချင်ပါတယ် ဒါပေမယ့်လူဆိုတာပျော်ရာမှာမနေရ တော်ရာမှာနေရဆိုသလိုပါပဲ ဒီကျွန်းမှာသောင်တင်ဆဲပေါ့ရှင်