Wednesday, July 28, 2010

စိတ်ဓာတ်ကျတဲ့အခါ


ကောင်းကင်မှာ လေယာဉ်တွေတစ်စင်းပြီးတစ်စင်းဖြတ်သန်းသွားနေကြတယ် ကိုယ်ကတော့မပါသွားနိုင်ပါဘူး။ ရေခြားမြေခြားမှာ နေရတဲ့သူတယောက်ရဲ့ဘဝက သိပ်ပြီး အထီးကျန်လွန်းပါတယ်။
ဘဝမှာရည်မှန်းချက်တွေနဲ့ ရှေ့ကိုဆက်သွားနေရပေမဲ့ ဘဝကအထီးကျန်လာတယ်။ ဘဝမှာတွေ့လာတဲ့သူတွေကလည်း အဆိပ်အတောက်တွေနဲ့ပြည့်နှက်နေတယ်။ နားခိုစရာရင်ခွင်ကတော.ရှားပါးလွန်းပါတယ်။ တခါတလေးစဉ်းစားမိတယ် ဘာလို.များဒီလိုဘ၀ကိုတိုးဝင်မိပါလိမ်.လို.လေ။ ငယ်ငယ်တုန်းကတော.ရည်ရွယ်ချက် ရည်မှန်းချက်တွေနဲ.ပေါ.လေ။
လိုချင်တာတွေ ဖြစ်ချင်တာတွေ မဖြစ်လာတော.တဲ.အခါမှာ စိတ်ဓာတ်တွေယိမ်းယိုင်လာတယ်ထင်တယ်။ အားတင်းထားရတာတွေများတော.လဲ မထိမ်းချုပ်ထားချင်တော.ဘူး ။ အဲဒီလိုစဉ်းစားပြန်တော့လဲ မဖြစ်ပြန်ဘူး ဒါပဲပေါ့ဘဝဆိုတာ ဖြစ်ချင်တာမဖြစ်ရဘူး မဖြစ်ချင်တာတွေပဲဖြစ်နေရတာ နောက်ဆုံးမှာတော့ ကိုယ်မဖြစ်ချင်တာတွေနဲ့ပျော်အောင်နေတတ်သွားတော့တယ်လေ။
ကိုယ့်မှာရှိတယ်ကောင်းတာလေးတွေကိုစဉ်းစားပြီး ဘဝကိုကျေနပ်အောင်ကျိုးစားရပါတယ် စိတ်ဓတ်ကိုတက်ကြွနေအောင်လှလှပပနေတယ် သူငယ်ချင်းတွေနဲ့အတူဆုံပြီးအချိန်တွေကိုကျော်ဖြတ်နိုင်အောင်ကျိုးစားပါတယ် ကိုယ့်မှာရှိတဲ့ အရည်အချင်းလေးတွေကိုပြန်စဉ်းစားပြီး အသုန်းချကြည့်ပါတယ် ဒါမှသာ ကိုယ့်မှာပိုင်ဆိုင်တာလေးတွေရှိပါသေးလားဆိုတာသတိရပြီး ဘဝမှာပျော်ရွှင်ကျေနပ်စရာလေးတွေကိုပြန်ရလာပါတယ် နောက်ပြီးတချိန်က ကိုယ်ပျော်ရွှင်ခဲ့ရတဲ့အကြောင်းအရာလေးများကို ပြန်တွေးပြီး စိတ်ကျေနပ်မှူ့ကို ပြန်ရယူပါတယ် အရမ်းစိတ်ညစ်လာတဲ့အခါ ဪဘဝကခက်ခဲလွန်းတယ်လို့ခံစားရလာတယ် အဲဒီအခါတွေမှာဆို ဘဝဆိုတာခက်မှာပဲဒါမှဘဝ ဒီလိုမှမခက်ရင်လူတိုင်းကအောင်မြင်နေမှာပေါ့လို့ ပြန်ပြီးအားမွေးရပါတယ် ဘုရားတရားလုပ်ခြင်းကလဲစိတ်ကိုတည်ငြိမ်စေပါတယ် အဓိက ကတော့စိတ်ကိုတည်ငြိမ်အောင်ကြိုးစားရမယ်ဆိုတာဒီစာကိုရေးနေရင်းနဲ့ အဖြေကိုရခဲ့ပါတော့တယ်