Sunday, March 28, 2010

ကျွန်မနှင့် စင်္ကာပူ


ကျွန်မ စင်္ကာပူကိုစရောက်တော့ စိတ်ထဲမှာ ထင်မြင်ယူဆမိတာက ကျွန်မသင်ထားတဲ့ ပညာတွေကိုအသုံးချရတော့မယ်ဆိုပြီးပျော်ရွှင်နေခဲ့မိတယ် မျှော်လင့်ချက်ကလည်းမြင့်တယ် လူငယ်ပီပီပျော်ရွှင်နေခဲ့မိပါတယ် မနက်ဆိုစောစောထ အလုပ်လျှောက် အင်တာဗျူးသွားနဲ.အရမ်းကိုလည်းတက်ကြွနေခဲ့ပါတယ် ပထမ ၁လလုံးတက်ကြွနေတယ် ၁လကုန်သွားတဲ့အခါမှာတော့စတင်ပြီးစိတ်ပူလာပြီပေါ့နော် တချို.ကလည်းပြောကြတယ် အလည်အပတ်ဗီဇာကိုတိုးလို.မရဘူးဆိုတော့ စိတ်ပူလာတယ် အလုပ်မှရပါတော့မလားဆိုပြီး စတင်ခံစားလာရပါပြီ အဲဒီအချိန်မှာအရင်ကရှိခဲ့တဲ့ မျှော်မှန်းချက်တွေပျောက်နေပြီလေ ကံကောင်းထောက်မစွာပဲ မကြာပါဘူး ကျွန်မအလုပ်ရပါတော့တယ် ပထမဆုံးအလုပ်က အဆင်ပြေပါတယ် စာရင်းကိုင်ဆိုတော့ သူဋ္ဌေးနဲ.ပြောရဆိုရတာတွေရှိတာပေါ့ တစ်နေ.မှာစကားပြောရင်း အဆင်မပြေဖြစ်သွားတယ် နောက်တော့သိပ်မကြာပါဘူး ကျွန်မသူဋ္ဌေးကကျွန်မကို အလုပ်ဖြုတ်လိုက်ပါတယ် အဲဒီတချိန်ထဲမှာပဲ လူမှုရေးကိစ္စကလည်းပြဿနာတတ်နေတော့ ပိုဆိုးတော့တာပေါ့ ကျွန်မအဲဒီအချိန်တွေကို ပင်ပန်းကြီးစွာနဲ.ကျော်ဖြတ်ခဲ့ရပါတယ် အလုပ်တစ်ခုထပ်ရပေမဲ့အဆင်မပြေခဲ့ပါဘူး နောက်ဆုံးမှာ ကျွန်မရန်ကုန်ကိုပြန်ခဲ့ရပါတယ် ရန်ကုန်ကိုပြန်ရောက်တော့လည်းမပျော်ရွှင်ခဲ့ပါဘူး မနေတတ်တော့ဘူး အမြဲတမ်း တက်တက်ကြွကြွနေတတ်တဲ့ ကျွန်မစိတ်ဓာတ်ကျသလိုခံစားရတယ် အဲတာနဲ.သင်တန်းတွေပြန်တက်ပြီး ပြန်လာဖို.ကြိုးစားခဲ.တယ် ရွေးချယ်ထားတဲ.လမ်းကိုဆက်လျှောက်ရမှာပေါ.ရှင် ဒီတစ်ခေါက်မှာတော့ အလုပ်ရဲ.သဘောသဘာဝ လူတွေရဲ.စိတ်နေစိတ်ထားတွေကို ကောင်းကောင်းသိသွာပြီဆိုတော့ အဆင်ပြေသွားပါပြီ အသက်အရွယ် ကြီးရင့်လာတာနဲ.အမျှ တွေ.ကြုံလာရတဲ.လူ.လောကရဲ.သဘာဝတွေကို နားလည်သဘောပေါက်ပြီးခံနိုင်ရည်ရှိလာခဲ.ပါတယ် အရာရာအားလုံးဟာ သူဖြစ်ချင်တိုင်းဖြစ်နေကြတာပါ ကိုယ်ဖြစ်ချင်တိုင်းဖြစ်နေတာမဟုတ်ဘူးဆိုတာသိထားရင် ခံစားရတာသက်သာပါတယ်

2 comments:

  1. လေးစားပါတယ်ညီမ...ညီမရဲ့  ဇွဲလုံ့ လကို..

    ReplyDelete